DE

women to women
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့အမျိုးသမီးများရဲ့ပါဝင်မှု

recyglo

ကမ္ဘာမြေကြီးသာယာလှပဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီကနေ အခုချိန်ကစလို့ တာဝန်ယူရမယ့် အချိန်ကိုရောက်ရှိလာခဲ့ပါပြီ။ လူသားတွေကြာင့် ပျက်စီးယိုယွင်းစပြုလာတဲ့ ကမ္ဘာမြေကို တက်နိုင်တဲ့ဘက်ကနေ လူသားတွေဟာ ပြန်လည်ကယ်တင်ဖို့ နည်းလမ်းပေါင်းများစွာနဲ့အတူ ယနေ့ခေတ်မှာကြိုးစားလာကြပါပြီ။ ပြည်တွင်းမှာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ပတ်သက်ပြီး အဓိက လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေများစွာထဲမှာ Recyglo Myanmar ဟာလူသိများတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး start-up ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဒီတစ်လမှာတော့ Recyglo Myanmar က တည်ထောင်သူတစ်ဦးဖြစ်သူ မရွှေယမင်းဦးကို recyglo ဖြစ်ပေါ်လာခဲ့ပုံ အကြောင်းနဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ start-up  လုပ်ငန်းတစ်ခုကို ဦးစီးတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုများ အကြောင်းကို မေးမြန်းတင်ဆက်လိုက်ရပါတယ်။

မေး။ ။ အမရဲ့ နာမည်နဲ့ Recyglo မှာ ဘာတာဝန်ယူထားလဲဆိုတာသိပါရစေ။

ဖြေ။ ။ နာမည်အပြည့်အစုံကတော့ ရွှေယမင်းဦးပေါ့နော် ဒီမှာ CEO တာဝန်ယူထားပါတယ်။ ယမင်းတို့ ဒီrecyglo ကို 2017 မှာ စထောင်တယ်။ ကုမ္မဏီကတော့ singapore ပေါ့နော်။ ကျန်တဲ့ လေးနိူင်ငံကတော့ - ကုမ္ပဏီ အနေနဲ့ founded လုပ်ထားတယ်ပေါ့နော်။

မေး။ ။  ဒီ recyglo ကို ကုမ္ပဏီ ကို ဘာကြောင့် idea ရပြီးစထောင်ဖြစ်တာလဲ?

ဖြေ။ ။​ တကယ်တော့ ပြောရမယ်ဆိုရင် ဒီလိုမျိုး အကြီးကြီး ဖြစ်လာလိမ့်မယ်လို့ မှန်းပြီးလုပ်ခဲ့တာ မဟုတ်ဘူးပေါ့နော်။ ယမင်းအနေနဲ့ ကျောင်းပြီးနောက်ပိုင်းမှာ ဒီစီးပွားရေးလောကထဲကို ရောက်လာတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ယမင်းတို့ အဲ့ခေတ်တုန်းက အလုပ်ရှာရတာ ခက်တယ်။ အလုပ်တွေကလည်း အသိရှိမှ အဆင်ပြေတာပေါ့နော်။ ပြီးတော့ အင်တာဗျူးတဲ့အခါမှာလည်း experience တွေ အရမ်းမေးတယ်ပေါ့နော်။ အဲ့ကြောင့် အဲ့ဒီဟာကို သွားမယ့်အစား ကိုယ်လုပ်ချင်တယ်အရာတစ်ခုကို စမ်းပြီးတော့လုပ်ကြည့်တာပေါ့နော်။ ပထမအစတုန်းကတော့ small business အသေးလေးတွေ လုပ်ကြည့်တယ်။ပြီးတော့ family business ကို ကူညီတာလေးတွေလည်းရှိတယ်။ပေါ့နော် အဲ့ဒီကနေပြီးတော့ သွားရင်းသွားရင်းနဲ့ ဘာကိုတွေ့လာရလဲဆိုတော့ တစ်ယောက်ထဲဦးဆောင်ပြီးလုပ်တဲ့ လုပ်ငန်းထက် Group နဲ့ ပေါ့အနည်းဆုံး ၂ ယောက်ကနေပြီးတော့ ၅ ယောက်အထိလောကို ပူးပေါင်းပြီး လုပ်တဲ့ဟာလေးတွေကို လိုချင်တာပေါ့။ အဲ့တာနဲ့ co-founder လိုက်ရှာဖြစ်တယ်။ဒါပေမယ့် မတွေ့ဘူး။ တော်တော်များများကလည်း full time အလုပ်တွေရှိတာပေါ့နော်။ တစ်ချို့ကြတော့လည်း လစာကောင်းကြတယ် ။ တစ်ချို့ကြတော့လည်း အိမ်ထောင်ရပ်သားတွေ ကြသွားကြတာပေါ့နော် သူတို့က ဒီစီးပွားရေးကို သိပ်ပြီး စိတ်မဝင်စားကြဘူးပေါ့နော်။ ဒါပေမယ့် ယမင်းက proof သက်သေတစ်ခု ပြချင်တယ်ပေါ့နော်။ ကိုယ်လုပ်နိူင်တယ်ဆိုတာမျိုးကို။ ဒါပေမယ့် ကိုယ်နဲ့ စိတ်တူကိုယ်တူ လိုက်ရှာတဲ့အခါမျိုးမှာ မတွေ့ဘူးပေါ့နော်။ အဲ့တာနဲ့ ဘယ်ကိုသွားခဲ့လဲဆိုတော့ ဖန်တီးရာပေါ့နော်။ ဖန်တီးရာရဲ့ program တခုကို သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတယ် အဲ့တာက ၉ ရက်ပြိုင်ရတာပေါ့နော်။ အဲ့တာနဲ့ သွားလိုက်တာ ။ သူကဘယ်လိုမျိုးလဲဆိုတော့ ကိုယ့်ရဲ့ idea ကို pitch လုပ်ရတယ် လုပ်တဲ့အခါကြတော့ ယမင်းအနေနဲ့ စဥ်းစားတာ နှစ်ခုရှိတယ်။တစ်ခုက ကိုယ့်ရဲ့ idea ကို pitch လုပ်တယ်ဆိုရင် တစ်ခြားသူက လာ join ရမယ်။ join ရင် အနည်းဆုံး foundation မှာ နှစ်ယောက်ရှိရမယ်။ တစ်ယောက်ထဲဆိုရင် သူက ဒီ idae ကို လက်မခံဘူးပေါ့နော်။ အဲ့ကြောင့် ကိုယ့်ရဲ့idea ကို တစ်ခြားသူလက်ခံအောင်လို့ ဘယ်လို idea မျိုးဆို တစ်ခြားသူလက်ခံလိမ့်မလဲပေါ့နော် ။ နောက်တစ်ခုကြတော့ သူများရဲ့ idea မှာ ကိုယ်ကသွား join တာမျိုးပေါ့။ သူများရဲ့ idea ကို ယမင်း နားထောင်ကြည့်တယ်ပေါ့နော်။ လူတွေအများကြီးကတော့ ပြောသွားကြတာပေါ့နော်။ Car Parking နဲ့ပတ်သတ်ပြီး လုပ်မယ်။ တစ်ချို့ကြတော့ လျှပ်စစ်နဲ့ ပတ်သတ်ပြီး လုပ်မယ်။ တစ်ချို့ကြတော့ online shop လုပ်မယ်, delivery service လုပ်မယ်။ Fashion နဲ့ပတ်သတ်ပြီးလုပ်မယ်, စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး လုပ်မယ်။ အဲ့လိုမျိုးတွေပေါ့နော် ပြောသွားကြတဲ့အခါမှာ ယမင်းအနေနဲ့ သူတို့ဟာလေးတွေကို စိတ်ဝင်စားပါတယ် ဒါပေမဲ့လည်း ကိုယ်သွားဖို့ approach လုပ်တဲ့အခါမှာ ကိုယ့်ကို လက်မခံမှာလည်း စိုးတယ်ပေါ့နော်။ နောက်ပြီးကြတော့ ကိုယ့် idea ကိုလည်း သွားချင်တယ်ပေါ့နော်။ ဆိုတော့ ပြိုင်ပွဲသဘောလိုဖြစ်နေတဲ့ အခါမျိုးမှာကြတော့ ကိုယ့်အတွက် စဥ်းစားတာထက်ပေါ့နော် community အတွက်ကို ပိုပြီးတော့ စဥ်းစားတဲ့ idea မျိုးလေးကို စဥ်းစားမိတာ။ လက်ရှိမှာကလည်း အမှိုက်တွေနဲ့ပတ်သတ်ပြီးတော့ပေါ့နော်..မြန်မာနိုင်ငံကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့အတွက် Education တွေကောင်းကောင်း မရကြဘူး။ အမှိုက်တွေကို မြစ်တွေချောင်းတွေထဲကို ပစ်နေတာလည်း တွေ့နေရတယ်။ အဲ့ကြောင့် ဒီအမှိုက်တွေကို စနစ်တကျစွန့်ပစ်တဲ့ ပလက်ဖောင်းတစ်ခုပေါ့နော် အဲ့တော့ လူတွေက အမှိုက်ပစ်ချင်တယ်ဆိုရင် ဒီပလက်ဖောင်းတွေကို လာခေါ် ဒါမှမဟုတ်လည်း Recycle ပစ္စည်းတွေ ရောင်းချင်တယ်ဆိုရင်လည်း လာခေါ်ပေါ့နော် အဲ့ဒီပုံစံမျိုးလေးနဲ့ page လုပ်လိုက်တယ် ။ လုပ်လိုက်တဲ့အခါမှာ ယမင်း Team members တွေ ရခဲ့တယ် ။ ဒီပြိုင်ပွဲ ၉ရက်အတွက်ပေါ့နော် ။ အကုန်လုံးကလည်း အမှိုက်တွေ သန့်ရှင်းသွားမယ် သပ်ရပ်သွားမယ်ဆိုတော့ သဘောကျကြတာပေါ့နော်။ ယမင်းတို့ ၉ ရက်ပြီးတဲ့အခါမှာ ဘာရသွားလဲဆိုတော့ people choice award တစ်ခုရတယ်။ အဲ့တာက ဘယ်လိုမျိုးလဲဆိုတော့ လာပြိုင်တဲ့သူတွေ အကုန်လုံးက vote ပေးရတာပေါ့နော် ဘယ်အသင်းကို အကြိုက်ဆုံးလဲဆိုတာ vote ပေးရတာပေါ့ ။ အဲ့မှာ ယမင်းတို့က winner ဆုရသွားတယ်ပေါ့နော်။ Winner ဆုက ဒေါ်လာ ၅၀၀၀ ရတယ်။ သူက တစ်ခါထဲပေးတာ မဟုတ်ဘူး ခွဲခွဲပြီးတော့ပေးတာပေါ့နော်။ နံပါတ်တစ်က ကုမ္ပဏီထောင်ရမယ်တဲ့ ကိုယ်တွေထင်တာက ဒီ ၉ ရက်ကြီးသွားလို့ ပြိုင်ပွဲမှာ နိူင်ရင် ဒေါ်လာ ၅၀၀၀ ရပြီထင်တာ။ မဟုတ်ဘူး သူတို့က မပေးဘူး မပေးပဲနဲ့ မင်းတို့ ဒီ idea ကို အကောင်အထည်ဖော်ပြရမယ်။ အဲ့လိုမျိုးဆိုတော့ ကိုယ်က အကောင်အထည်ဖော်ဖို့ အတွက်ကို အမှိုက်ကောက်တဲ့သူတွေနဲ့ သွားတွေ့ရတယ်။ ပြီးတော့ ဒီအမှိုက်တွေကို အရောင်းအဝယ် လုပ်တဲ့သူနဲ့ သွားတွေ့ရတယ်။ Recycle ပေါ့နော်။ အဲ့မှာ research တွေလုပ်ရတယ်။ ပြီးတော့ သူတို့ကို တင်ပြရတာပေါ့နော်။ ဖြစ်နိူင်တယ်ဆိုမှ ဆုရမှာပေါ့နော်။ အဲ့ကြောင့် ဖြစ်နိူင်တယ် ဆိုတာ လိုက်ပြရတာပေါ့နော်။ နို့ဆီဘူးတွေ သွားဝယ်ရောင်းပေါ့နော် ကားကြီးနဲ့တင်ပြီးတော့ သွားကြရတာ အဲ့တာတော့ အမှတ်တရပဲ ။ နောက်ပြီးတော့ ကုမ္ပဏီထောင်ခိုင်းတာပေါ့နော် ။ အဲ့တော့ ယမင်းတို့ အရင်ဆုံး register လုပ်ရတာပေါ့နော်။ နောက်ဆုံးတော့ ဆုကြေး ဒေါ်လာ ၅၀၀၀ စလုံး ရတယ်ပေါ့နော်။ အဲ့ ၅၀၀၀ ကလည်း ကုမ္ပဏီထောင်ဖို့ ကိစ္စတွေရယ် တစ်ခြား ဒီအရောင်းအဝယ်လုပ်တဲ့ ကိစ္စတွေတို့ အဲ့ထဲတွေမှာ တော်တော်ပါသွားတာပေါ့နော်။ နောက်ထပ် ဖန်တီးရာကနေပြီးတော့ ထပ်ပြီး offer လုပ်တယ်ပေါ့နော်။ သူတို့တွေဆီမှာ programm တခုရှိတယ်ပေါ့နော်။ အဲ့ဒီprogramm ကကြတော့ ထပ်ပြီးတော့ရွေးချယ်ခံရတယ်ဆိုရင် ဒေါ်လာ ၂၅၀၀၀ ကို pre seed funding အနေနဲ့ သူတို့က invest လုပ်ပေးမယ် အဲ့လိုမျိုး။ အဲ့ချိန်မှာ ယမင်းက ဘာပြန်ကြည့်လိုက်လဲဆိုတော့ အဲ့တုန်းက team members ၅ ယောက်ရှိတယ်။ အဲ့ ၅ယောက်ကလည်း individual တွေ အခုမှတွေ့ အခုမှဖွဲ့ပြီးတော့ team ဆောက်လိုက်တာပေါ့နော်။ အဲ့မှာ အကုန်လုံးကို ပြန်မေးလိုက်တယ်။ လုပ်နိူင်လားပေါ့နော်။ ဘာကြောင့်လဲဆိုုတော့ အဲ့ team ထဲမှာ ယမင်းက အသက်ကြီးဆုံး အတွေ့အကြုံလည်းအရှိဆုံးပေါ့နော်။ နောက်တစ်ခုက အဖွဲ့ဖွဲ့ထဲက ယမင်းက CEO ယူထားတာပေါ့နော်..အဲ့တော့ကိုက ပါမပါလား မပါမလားက မသိသေးဘူးပေါ့နော်။ တကယ်လို့ ပါခဲ့လို့ရှိရင် ဘာလုပ်မှာလဲပေါ့နော်။ နောက်တစ်ခုက သူများပိုက်ဆံကိုလည်း ကိုက အလွဲသုံးစား မလုပ်ချင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကခေါင်းခံပြီးသွားရင် ကိုယ့် team member တွေကို ကိုယ်ထိန်းရမှာလေ။ အဲ့လိုမှ မဟုတ်ဘဲနဲ့ ဟိုဘက်ကဟာတွေကိုလက်ခံပြီးမှ ကိုယ့် team members တွေက ကကျိုးကကြောင် လုပ်တယ်ဆိုလို့ရှိရင် ကိုယ်လည်း မျက်နှာပျက်မယ်။ ယမင်းကတော့ မလုပ်ဘူးဆိုမလုပ်ဘူး။လုပ်မယ်ဆိုရင်လည်း အကောင်းဆုံးသွားမယ်ပေါ့နော်။ တစ်ချို့တွေကြတော့လည်း ကျောင်းသွားတတ်မယ်။ တစ်ချို့တွေကြတော့လည်း သူတို့အလုပ်ကြီးကို ထွက်ပြီးတော့ risk မယူရဲဘူးပေါ့နော်။ တစ်ချို့ကြတော့လည်း လစာဘယ်လောက်ပေးမှာလဲပေါ့နော်။ အနေနဲ့ ကတော့ ယမင်းတို့က idea ဖြစ်တတ်အတွက် လစာကို ကုမ္ပဏီလိုမျိုး မပေးနိူင်သေးဘူးပေါ့နော်။ ဒီတိုင်း small amount လောက်ပဲပေးနိူင်တယ်။ တစ်ချို့ကကြတော့ NGO တွေမှာ အလုပ်လုပ်နေကြတယ် လခကလည်း ကောင်းကြတယ်ဆိုတော့ မလုပ်တော့ဘူးပေါ့နော်။ ဒီ တော့ မ join တော့ဘူးဆိုပြီးတော့ပဲ ဆက်နေခဲ့တယ်ပေါ့နော်။ အဲ့တော့ ယမင်းတို့ ၃ယောက်ပဲ ဆက်သွားကြတယ်။ ရှေ့မှာအခက်အခဲတွေ အများကြီးတော့ ကြုံရတယ်။

 

shwe yamin oo

မေး။ ။နောက်တစ်ခုအနေနဲ့ပေါ့နော်။ အမျိုးသမီးတစ်ယောက်အနေနဲ့ Environmental နဲ့ပတ်သတ်ပြီးတော့ သွားတဲ့အခါမှာပေါ့နော်။ လုပ်ငန်းစ,စချင်းမှာ ကြုံခဲ့ရတဲ့ အခက်အခဲ ပြီးတော့ လုပ်ငန်းအလယ်လောက်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေဆိုရင်ဘာတွေရှိခဲ့လဲ?

ဖြေ။ ။ ဘယ်လုပ်ငန်းမဆို တာဝန်ယူပြီဆိုရင် ခေါင်းဆောင်ပိုင်းတွေကတော့ ရှေ့ဆုံးကနေ လာသမျှ အခက်အခဲတွေကို ဖြေရှင်းရတာပေါ့နော်။ ပြီးတော့မှ အောက်က ကိုယ့်ရဲ့ team members တွေကို တာဝန်တွေပြန်ခွဲပေးတဲ့ ပုံစံနဲ့သွားတာပေါ့ သွားတဲ့အခါမှာ အစပိုင်းကတော့ ယမင်းအနေနဲ့ အထောက်အပံ့အများကြီးရခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာကလည်း ဒီ Environmental sectors စီမံခန့်ခွဲတဲ့ sector ထဲကို ဝင်လိုက်တာဆိုတော့ ပေါ့နော် ။ဆိုတော့ လူတွေက support လုပ်တယ်။ ဟာ...ဒါကတော့ မြန်မာနိုင်ငံမှာ ဖြစ်သင့်တယ်ပေါ့နော်။ မြန်မာနိုင်ငံအနေနဲ့လည်း သန့်ရှင်းဖို့လိုတယ်ပေါ့နော်။ ပြီးတော့ community ကလည်း support လုပ်တယ်။ Review တွေပေါ့နော်။ Media တွေကလည်း attention တွေ အရမ်းရတယ်။ အမျိုးသမီးတစ်ယောက်ကနေပြီးတော့ founded လုပ်တယ် ။ ဒါကြီးကို ဖြေရှင်းမယ်လို့ ပြောတယ်ပေါ့နော်။ အဲ့လိုမျိုးပေါ့နော်။ တစ်ချို့ကလည်း ဘာပြောလည်းဆိုတော့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အစား ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲပါပေါ့နော်။ မင်းက stupid things တွေလုပ်နေတယ်ပေါ့နော်။ ယမင်းအနေနဲ့ကတော့ ဒါကအများအတွက်လည်း ဟုတ်သလို ကိုယ့်အတွက်လည်း ဟုတ်တယ်။ ကိုယ့်အတွက်ကြီးပဲကည့်မယ်ဆိုရင်လည်း ကိုယ့်အတွက်မရရင် ဘယ်သူလာမလဲ။ အဲ့လိုပဲ အများအတွက်ကြီးပဲ ကြည့်မယ်ဆိုရင်လည်း ကိုယ့်အတွက်ဘာမှမရဘူးဆိုရင်လည်း အဆင်မပြေဘူးပေါ့နော်။ ဒီလုပ်ငန်း တကယ်လို့ အောင်မြင်လာခဲ့မယ်ဆိုရင် community အတွက်အကျိုးကျေးဇူးတွေလည်းရှိသလို ကိုယ့်အတွက်လည်း အကျိုးကျေးဇူးတွေ ရှိလာမယ်ဆိုတော့လေ ပိုပြီးတော့ အဓိပ္ပါယ်ရှိသလို ခံစားရတယ် ။ အဲ့တာနဲ့ပဲ လာသမျှ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် အများကြီး အထောက်အပံ့တွေ အားအင်တွေရခဲ့တယ်ပေါ့နော်။ ဒီ community ကလည်း support လုပ်တယ်။ပြီးတော့ တွေကလည်း ယုံယုံကြည်ကြည်နဲ့ investment တွေထည့်ပေးခဲ့တယ်ပေါ့နော်။ အဲ့လိုနဲ့ ယမင်းတို့ အတူတူတွဲလုပ်ခဲ့တဲ့ team members တွေဆိုရင်လည်း တစ်ချို့ဆို တစ်ခြားခိုင်မာတဲ့ တွေမှာ သွားလုပ်မယ့်အစားပေါ့နော် ဒီလို started နေရာမျိုးမှာ လာပြီးတော့ လုပ်ပေးခဲ့တယ်ပေါ့နော်။ လက်ရှိအချိန်မှာဆိုရင် ဆိုရင် ယမင်းတို့နဲ့လက်တွဲနေတာ ၂၀၁၇ ကနေ ဆိုတော့ ၆နှစ်လောက်ရှိပြီပေါ့ အတူတူရုန်းကန်ခဲ့တာ။

shwe ya min oo

မေး။ ။မယမင်းအနေနဲ့ ဘယ်လိုစိတ်ထားပြီးတော့ ဒီ start up လုပ်ငန်း ကိုရှည်ကြာအောင်ကြိုးစားခဲ့လဲပေါ့ ကြားထဲမှာ အခက်အခဲတွေကို ဘယ်လိုစိတ်ထားပြီးကျော်ဖြတ်ခဲ့လဲပေါ့။

ဖြေ။ ။ အဓိက,ကတော့ ပေးချင်တာပေါ့နော်။ ပေးချင်တယ်ဆိုရင်လည်း ကိုယ့်မှာရှိမှ ပေးလို့ရမှာ အဲ့လိုမျိုးဆိုတော့ အခုဆိုရင်လည်း ယမင်းတို့ Internship တွေခေါ်ပေးတာမျိုးရှိတယ်။ ပြီးရင်သူတို့ကို သင်ပေးတယ်။ Train ပေးတယ်။ နောက်တစ်ခုကကြတော့ intern အတွက်လုပ်ပေးတယ်ပေါ့နော်။ ယမင်းတို့တုန်းက ကျောင်းပြီးရင် အတွေ့အကြုံမရှိလို့ အလုပ်မရခဲ့ဘူး။ သူတို့အနေနဲ့ ကြတော့ အတွေ့အကြုံမရှိလို့ အလုပ်မရဘူးဆိုတာမျိုး မဖြစ်စေရဘူး။ ယမင်းတို့ဆီကို လာခဲ့သင်ပေးမယ်။ ပြီးကြရင် Intership ခေါ်ရင် သွားလျှောက်ကြည့် ။ တစ်ချို့တွေ့ဆိုရင် သွားလျှောက်တယ် အဆင်မပြေဘူး ။ ပြန်လာခဲ့တယ် ရတယ်။ ဒါပေမယ့်သူတို့ကိုတော့ ၃လ ပြီးသွားရင် လွတ်ပေးလိုက်တယ်။ တန်ဖိုးနားလည်အောင်ပေါ့နော်။ တစ်ချို့တွေကြတော့လည်း တော်တော်အဆင်ပြေတယ်ဆိုရင် ဆက်ခေါ်ထားတယ်ပေါ့နော်။ ဆိုတော့ ပြန်ဆက်ရမယ်ဆိုရင် ခုနပြောသလိုပေါ့ ကိုယ့်မှာရှိမှ ပေးလို့ရမှာပေါ့နော်။ အခုဆိုလည်း ကိုယ်ကလုပ်ငန်းရှိတဲ့အတွက် ကိုယ်ဘာလုပ်ချင်လဲ ဘယ်လို activity လုပ်ချင်လည်း အဲ့လို ကိုယ့်မှာ idea ရှိရင် ကိုယ်ထပြီးလုပ်လို့ရတယ်ပေါ့နော်။ တကယ်လို့ ကိုယ့်မှာ ကုမ္ပဏီလည်း မရှိဘူး ၊ Team လည်း မရှိဘူးဆိုရင် ကိုယ်ဘယ်လောက်ပဲ ပတ်ဝန်းကျင်ကို contribution လုပ်ချင်လုပ်ချင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးပေါ့နော်။ ဒီ ကုမ္ပဏီ ဆက်ရှိနေသေးသရွေ့ကတော့ ဒီ community ကို ဘယ်လောက် support လုပ်နိူင်မလဲပေါ့နော်။လုပ်နိူင်သလောက် လုပ်မယ်။ ဒါကြီး မရှိဘူးဆိုရင်ပေါ့ ပြီးသွားပြီလို့ပြောရမှာပေါ့နော်။ အဲ့လိုအချက်လေးတွေနဲ့ပဲ ဆက်ပြီးတော့ တောင့်ခံထားတာပေါ့နော်။

recyglo 12

မေး။ ။ဆိုတော့ ဒီ CEO အနေနဲ့ နောင်လာမယ့် ၅နှစ်မှာ နောင်လာမယ့် ၁၀ နှစ်မှာ ဘယ်လို plan မျိုးနဲ့လုပ်ထားလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ။ ။ ဒီ recyglo ဆိုတဲ့ နာမည်ကိုပေးထဲကပေါ့နော် Global အထိသွားမယ်ဆိုပြီး စလုပ်ထဲက ရည်မှန်းချက်မြင့်မြင့် ထားခဲ့တာပေါ့နော်။ ပြောရရင် ဒီ ၆ နှစ်တာ ကာလအတွင်းမှာ ယမင်းတို့ အာဆီယံ ၅ နိုင်ငံမှာ officially register လုပ်ထားနိုင်ပြီ နောင် ၅ နှစ် ၁၀ နှစ်မှာဆိုရင်လည်း သေချာတယ် Global level အထိကို တစ်ခြား Europe နိုင်ငံတစ်ခုခု ဒါမှမဟုတ် Africa ဒါမှမဟုတ် UAE လို အရှေ့အလယ်ပိုင်းလို နေရာမျိုးမှာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ အနည်းဆုံးတော့နေရာ တစ်ခုလောက်တော့ ရှိရမယ်လို့တော့ မှန်းတယ်။ နောက်ထပ် contribution ပေါ့နော်။ လက်ရှိမှာက climate change တွေကလည်း ဖြစ်နေတယ်။ ယမင်းတို့ အခုထဲက Environmental နဲ့ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ယူထားမှ နောက်လာမယ့် ရာသီဥတုဖောက်တဲ့ဟာတွေကို လျော့ချလို့ ရနိူင်မယ်ပေါ့နော် ဒါတောင်မှ တားဆီးလို့ မရနိူင်ဘူး လျော့ချလို့ပဲ ရနိူင်တယ်ပေါ့။ ဆိုတော့ နောက် ၅နှစ် ၁၀ နှစ် Global level အထိ ရောက်နိုင်မယ်လို့ မျှော်မှန်းထားတယ်ပေါ့နော်။

မေး။ ။နောက်တစ်ခုကတော့ ဒီstart up လုပ်ချင်တဲ့ အမျိူးသမီးတွေအတွက်ပေါ့နော် အသိပေးစကား အကြုံပြုစကားရှိတယ်ဆိုလို့ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ ခုနပြောခဲ့သလိုပေါ့နော်။ Education မပြီးသေးဘူး ဆိုရင် ပြီးအောင်အရင်လုပ်။ ကိုယ့်ရဲ့ Career တစ်ခုကို မတည်ဆောက်ရသေးဘူးဆိုရင် အဲ့တာကို အရင်တည်ဆောက် ပေါ့နော်။ နောက်တစ်ခုပြောချင်တာက အမျိုးသမီးတွေ အိမ်ထောင်ရှင်မတွေ များသောအားဖြင့် မြန်မာနိုင်ငံမှာပေါ့နော် ယမင်းရဲ့ တစ်ချို့သူငယ်ချင်းတွေဆိုရင် သူတို့ အိမ်ထောင်ကျ ကလေးတွေမွေးကြတယ်ပေါ့နော်။ ကလေး ၅နှစ်လောက်အထိက နေရသလိုမျိုးပဲ ကျောင်းတတ်တဲ့အခါမှာ ကျောင်းတတ်တဲ့ အလျောက် ပူရတယ်ပေါ့နော်။ ဘယ်လိုပြောရမလဲ သူတို့အပြင်မှာ အလုပ်လုပ်ချင်တယ်။ အရမ်းလုပ်ချင်တယ် ဒါပေမဲ့ ယောက်ျားကလည်း ငါရှာပေးမယ် မင်းအိမ်မှာပဲ ကလေးကို ဂရုစိုက်ပါ ပေါ့နော်။ ချွေးသိပ်တဲ့ စကားလေးတွေပေါ့နော်။ မိဘကလည်း ဘာသွားလုပ်မှာလဲ ဘယ်လောက်ရမှာလဲ အဲ့ဒီစကားလေးတွေပေါ့နော် ဆိုတော့ သူတို့မှာ အပြင်ကိုလှမ်းဖို့ပြင်လိုက် အနောက်ကပြန်ဆွဲလိုက် ပြန်ရောက်သွားလိုက် ပြီးတော့ သူတို့ကိုယ်သူတို့ ကျေနပ်လားဆိုတော့ မကျေနပ်ဘူး။ ငါ့ဘဝက တုံးနေပြီဆိုတာမျိုး သူတို့ထွက်ချင်တယ် ဒါပေမယ့် ခုနပြောသလိုမျိုး နောက်ကဆွဲအားက များတော့သူ့မှာ မဖောက်ထွက်နိူင်ဘူးပေါ့နော်။ ဆိုတော့ ယမင်း​ပြောချင်တာက အမျိုးသမီးတွေပေါ့နော် ကိုယ်လုပ်ချင်တာရှိရင် work-life balance ဖြစ်အောင် လုပ်လို့ရတာတွေ ရှိတယ်ပေါ့နော် ။ အဲ့အခါမှာ ဖောက်ထွက်ပါပေါ့နော်။ ကိုယ်ဘာဖြစ်ချင်တာလဲ ကိုယ့်ရဲ့ internal ကပြောတဲ့ စကားကိုနားထောင်ပါပေါ့နော်။ တကယ်လို့ လုပ်ချင်တယ်ဆိုလို့ရှိရင် ပိုက်ဆံရခြင်း မရခြင်းက အဓိက မဟုတ်ဘူးပေါ့နော်။ ပထမပိုင်းမှာ အဓိကမဟုတ်ဘူး နောက်ပိုင်းတော့ အရေးကြီးလာတာပေါ့နော်။ ဆိုတော့ ဒီငွေရေးကြေးရေး ကို အဓိကမထားပဲနဲ့ တစ်နှစ်လောက် တောင့်ခံမလားပေါ့နော် အပင်ပန်းခံရတာတော့ ရှိမယ်ပေါ့နော်။ အရမ်းကြီး မငဲ့နဲ့ပေါ့နော် ။ မငဲ့နဲ့ဆိုတာက ကိုယ့်အတွက်ကို လုံးဝမကြည့်ပဲနဲ့ family အတွက်ကို အရမ်းကြီး မငဲ့နဲ့ပေါ့နော်။ ပြောရတာကောင်းလား မကောင်းလားမသိဘူး ။ အဲ့လိုမျိုးပေါ့ ကိုယ့်ရဲ့ ကလုပ်ချင်တယ်ဆိုလို့ရှိရင် OK လုပ်။ လုပ်ဖို့ကို ထွက်ဖို့ကိုတော့ ကြိုးစားစေချင်တယ်ပေါ့နော်။ အဲ့တာမှပဲ ကိုယ်စထွက်တဲ့အချိန်ကနေပြီးတော့ နောက် ၂နှစ် ၃နှစ်လောက်နေရင် ကိုယ့်ရဲ့လမ်းကြောင်းက ပေါ်လာမှာပဲပေါ့နော်။ ဆို​တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်ပါပေါ့နော်။ အခုဆိုလည်း Social Media တွေကလည်း ခေတ်စားလာဖြစ်တဲ့အတွက် အမျိုးသမီးတွေ onlinshop ကနေ စပြီးတော့မှ onlineshop မှ မဟုတ်ဘူး...ဥပမာ ထားပါတော့...တစ်ခြား ဘယ်လိုဝန်ဆောင်မှုတွေကို ပေးလို့ရလဲ ကိုယ်ဘာကျွမ်းကျင်လဲပေါ့နော် အချိန်ပိုင်းလုပ်လို့နေရာတွေလည်း ရှိတယ်ပေါ့နော်။ အဲ့တော့ နံပါတ်တစ်က သူများဆီမှာ လုပ်လို့ရရင်လည်း သွား join ပေါ့နော်။ join လို့ မရရင်လည်း ကိုယ့်ဘာသာ လုပ် ကိုယ့် service ကို ကိုယ်ပေးပေါ့နော် ။ အဲ့လိုမျိုးနဲ့ သွားဖို့ အကြံဉာဏ်ပေးချင်တယ် ။ နောက်တစ်ခုကတော့ လုပ်ငန်းတစ်ခု တည်ထောင်တယ်ဆိုတာ ခက်တယ်ပေါ့နော်။ နောက်တစ်ခုက ကိုယ့်မှာ ၁၀၀ ရှိတယ်ဆိုရင် ၁၀၀ စလုံးရင်းနှီးမြုပ်နှံတာမျိုး မလုပ်လိုက်နဲ့ပေါ့ ။ ကိုယ်ဘယ်လောက် အထိ အဆုံးရှူံးခံနိူင်လည်း ဥပမာ ၄၀ လောက် အဆုံးရှူံးခံနိူင် ဆိုရင် ၄၀ လောက်ပဲရင်းပေါ့နော်။ ကျန်တာကတော့ ကိုယ့်အတွက် back up ဖြစ်ဖို့ ချန်ထားပေါ့နော်။ တစ်ချို့ကကြတော့ risk ကို အရမ်းယူပြီးတော့ ငါဖြစ်မှာပဲ ဖြစ်မှာပဲ ဆိုပြီးတော့ ပုံအောလိုက်တဲ့အခါမှာ မဖြစ်လာပဲနဲ့ ဘဝပျက်သွားတာပဲ ဖြစ်ဖြစ် အကြွေးတင်သွားတာမျိုးပဲ ဖြစ်ဖြစ် ဖြစ်လာရင် မကောင်းဘူးပေါ့နော်။ အဲ့တော့ ကိုယ်နိူင်တဲ့ risk တစ်ခုကိုယူ ယူပြီးရင် လုပ်ပါပေါ့နော် လုပ်ပါလို့ပဲ ပြောချင်ပါတယ်။

shwe yamin oo 11