Youth Innovation Challenge : Youth Innovation Challenge

Youth Innovation Challenge

FNF မြန်မာနှင့် Impact Hub ရန်ကုန်တို့  ဦးစီးသော Youth Innovation Challenge ကိုလုပ်ဆောင်လျက်ရှိပါတယ်။  ၂၀၂၂ တွင် စတင်ခဲ့သော ဤပရိုဂရမ်သည် နှစ်စဉ် ပွဲတစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားပါတယ်။ Youth Innovation Challenge ဟာ လူငယ်များအနေနနဲ့  လုပ်ငန်းခွင်ဝင်ရာမှာ အဓိကကျတဲ့ ကျွမ်းကျင်မှုများကို အသီးသီးသော နယ်ပယ်များမှာ ထင်ရှားအောင်မြင်တဲ့  ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးသည့် အစီအစဥ်တစ်ခုလည်း ဖြစ်ပါတယ်။ သင်တန်းမှာ သီအိုရီအသိပညာနှင့် လက်တွေ့အသုံးချမှုတို့ကို ရောနှောထားပြီး၊ အသီးသီးသော ကုမ္ပဏီများသို့ လက်တွေ့လုပ်ငန်းခွင်လေ့လာရေးအစီအစဥ်များပါ ပါဝင်ပါတယ်။ သီအိုရီသာမကလက်တွေ့လုပ်ဆောင်မှုကိုပါ အလေးပေးသည့် ပရိုဂရမ်တစ်ခုဖြစ်ပြီး ပရိုဂရမ်ပြီးစီးသည့်အခါ၊ ပါဝင်သူလူငယ်များအားလုံးသည် FNF Myanmar နှင့် Impact Hub Yangon တို့မှ စီစဥ်ပေးသည့် အလုပ်သင်အစီအစဥ်တွင်ပါ ပါဝင်နိုင်မှာဖြစ်ပါတယ်။